Pages
Tuesday, April 24, 2012
မကွေးမှ ကျောင်းသားလူငယ်လေးတဦးရဲ့ ၈၈ခေါင်းဆောင်တွေအပေါ်ခံစားချက်
ကိုဂျင်မီက ကျောင်းသားတွေ တစ်ယောက်နဲ့ တစ်ယောက်စိမ်းနေတာတွေမြင်ရတော့ ၀မ်းနည်းတယ်တဲ့
GTC , ဆေး, ကျန်းမာရေး, ကွန်ပြူတာ, ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ်တွေ ဓနသဟာယ အဖွဲ့ ဖွဲ့ရင်ကောင်းမယ်
နိုင်ငံရေးဆိုတာကြီးနဲ့ လူတွေကို မပြောရဘူး
လိုတဲ့နေရာမှာ လုပ်ပေးရမယ်
အခု ဗိုလ်ချုပ်ပန်းခြံထဲက အမှိုက်တွေကို ကျောင်းသားတွေရှင်းတာမျိုး
အချင်းချင်း တစ်လတစ်ခါလောက် အနည်းဆုံးထားပြီး တွေ့ဆုံပွဲတွေလုပ်သင့်တယ်
ပရဟိတ အဖြစ် လိုတဲ့နေရာကို အလှူပေးမယ်
ကျောင်းသားအချင်းချင်း စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် အရာရာကို ပူးပေါင်းလုပ်ဆောင်မှ အောင်မြင်မယ်
ကိုအောင်ဆန်းတို့ ကိုဗဟိန်းတို့စခဲ့တဲ့ ကျောင်းသားသမဂ္ဂ အကြောင်းတွေ ပြောပြတယ်
ကိုပေါ်က ` ရေနံမြေ သပိတ်တုန်းက လူထုကြီးချီလာတုန်းက လူထုထဲမှာ မြန်မာစကားနားမလည်တဲ့ အိန္ဒိယ အမျိုးသားတွေပါတယ်။ သူတို့တွေက မြန်မာစကား မတတ်တော့ ရှေ့ကမြန်မာတွေက အော်ရင် " အတူတူပါပဲ အတူတူပါပဲ" လို့နောက်ကလိုက်ပြောသလိုပါပဲ ခု ညီလေးတို့ ကိုဂျင်မီပြောသလိုပါပဲ´ တဲ့
နာရေးကူညီမှုအသင်း တာဝန်ရှိသူရှင်းပြတာကို နားထောင်ပြီး
ထောက်ခံကြောင်းပြောနေတဲ့ ကိုပေါ်
`ပြည်သူတွေထောက်ခံရင် Register တင်တင် မတင်တင် တရားဝင်တယ်လို့ကျွန်တော်ခံယူထားတယ်တဲ့´ ညီတို့တွေ ကြက်သီးဖြန်းခနဲ ထသွားတာကို ၀န်ခံပါတယ်ဗျာ
ကိုပေါ်ကြီး ပြန်ခါနီးဓါတ်ပုံရိုက်ချင်လို့ပါ ဆိုတော့
သောက်မယ့်ရေဗူး ကိုတောင်မဖွင့်သေးပဲ ညီတွေကို ဓာတ်ပုံ ရိုက်ယူစေတဲ့ အကိုကြီးပါ
မောင်လေး မောင်ခန့်ထူးခေါ် ကီးလိန်း အား ကျေးဇူးတင်ပါသည်။
ကျောင်းသားများ စုပေါင်းရဟန်းခံ
ဦးသုနန္ဒ(ကိုကိုကြီး(စမ်းချောင်း))
၂၃ ဧပြီ ၂၀၁၂။ ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်မှာ ၈၈ ကျောင်းသားတချို့နဲ့ ကျောင်းသားမဂ္ဂဖြစ်မြောက်ရေးကော်မတီမှ ကျောင်းသားများရဲ့ စုပေါင်းရဟန်းခံရှင်ပြုပွဲကို ၂၃ ရက်နေ့ ညနေပိုင်းက စတင်ကျင်းပခဲ့ပါတယ်။
 (Photo: Ko Sunn)
သတင်း...DVB
Saturday, March 31, 2012
၈၈မျိုးဆက်အမျိုးသားခေါင်းများ ဦးစီးသောရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများကွန်ရက်၏ လှုပ်ရှားမှုများ
by Ye Min Tun on Saturday, March 31, 2012 at 5:57pm ·
ပုသိမ် ရွေးကောက်ပွဲဆိုင်ရာသတင်းများ
နေ့လည် - ၂း၀၀
            သမ၀ါယမ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းထွန်းသည် ငွေဆောင်မြို့နယ်သို့ သွားရောက်၍ မြို့နယ်တွင်ရှိသူများအား ငွေသုံးသောင်းစီပေးကာ ပြည်ခိုင်ဖြိုးပါတီအမတ်လောင်းဦးအောင်တင်မြင့်အတွက် မဲဆွယ်စည်းရုံးပေးခဲ့သည်။
            ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးသိန်းအောင်သည် ရှောပျာကျေးရွာတွင် လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံပြီး ပြည်ခိုင်ဖြိုးပါတီကို မဲပေးရင် လုပ်ငန်းတွေ အဆင်ပြေအောင်လုပ်ပေးမည်။ “အုပ်ချုပ်ခံလူတန်းစားဆိုတာ အုပ်ချုပ်သူတွေနဲ့လည်း အဆင်ပြေအောင် နေတတ်ရတယ်” လို့ ပြောဆိုသွားခဲ့ကြောင်း သတင်းပေးပို့လာပါသည်။
အစိုးရ၀န်ထမ်းများ မဲဆွယ်စည်းရုံးခွင့်မရှိဆိုသည်ကို ချိုးဖောက်ခဲ့သည့်သဖြင့် ပြိုင်ဘက်ကိုယ်စားလှယ်လောင်းများမှ မကျေမနပ်ဖြစ်နေကြသည်ဟု သိရှိရသည်။
နေပြည်တော် ၊ ဒက္ခိဏသီရိမြို့နယ် မှကြိုတင်မဲအခြေအနေ..........
ဒက္ခိဏသီရိမြို့နယ်၊ ရပ်ကွက်တစ်ခုတွင် မဲပေးနိုင်သူဦးရေ ကိုးရာကျော်ရှိသည့်အနက် လက်ရှိမဲစာရင်းပါဝင်သူ ၅၀ ကျော်သာရှိပြီး ကျန်လူဦးရေ ၈၀၀ကျော် ပျောက်ဆုံးနေသည့်အချက်နှင့် ကြိုတင်မဲဆက်စပ်နေနိုင်သည်ဟု သံသယရှိကြောင်း အမျိုးသားဒီမိုကရေစီအောင်နိုင်ရေး အဖွဲ့ဝင် ဦးညွန့်ဝေကပြောသည်။ ယင်းသို့ စာရင်းပျောက်နေသောရွာသားများ၏ မဲစာရင်းများကို ကြိုတင်မဲအနေဖြင့် ကောက်ခံသွားမည်အရေးကို ဦးနိုင်ငံလင်းက စိုးရိမ်လျှက်ရှိသည်ဟု ပြောသည်။ ထိုသို့လူစာရင်းများ ပျောက်ဆုံးနေသည့်ကိစ္စနှင့် ပတ်သက်ပြီး ဒက္ခိဏသီရိမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်သို့ဆက်သွယ်မေးမြန်းသော်လည်း ဖြေဆိုခြင်းမရှိပေ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များက ရွေးကောက်ပွဲကော်မရှင်အား ပျောက်ဆုံးနေသည့် မဲဆန္ဒရှင်များကိစ္စ မေးမြန်းသောအခါ ၂၀၁၀ ရွေးကောက်ပွဲစာရင်းအရ ပြုလုပ်ထားခြင်း သာဖြစ်သည်ဟု ဖြေကြားကြောင်း အမျိုးသား ဒီမိုကရေစီ အောင်နိုင်ရေး အဖွဲ့ဝင် ဦးညွန်ဝေ က ပြန်ပြောပြသည်။
၈၈မျိုးဆက်ကျောင်းသားများရုံးချုပ်၊ သင်္ကန်းကျွန်းမြို့နယ်
(၃၀.၃.၂၀၁၂)ရက်နေ့၊ မနက်ပိုင်းတွင် Election Monitoring Network မှ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးအား ဂျပန်သတင်းစာ ယူမီယူရီရှင်ဘွန်းမှ
Sunday, March 4, 2012
နိုင်ငံတော်သမ္မတ မိန့်ခွန်းအပေါ် ကိုမင်းကိုနိုင် ပြောကြားခဲ့သည့် ၈၈မျိုးဆက်ကျောင်းသားများ၏ အမြင်
by Eleven Media Group on Sunday, March 4, 2012 at 10:23pm ·
- သမ္မတမိန့်ခွန်းအကြောင်းကို ပြောမယ်ဆိုရင် တော်တော်ကျယ်ပြန့်လိမ့်မယ်။ အဲဒီတော့ အပိုင်းလိုက် ဖြေပါ့မယ်။ကျွန်တော် တစ်ယောက်တည်းတင် မကပဲနဲ့ ၈၈မျိုးဆက်တစ်ခုလုံးရဲ့ သဘောထားအမြင်တွေကို ခြုံငုံပြီးတော့  ဖြေပေးမှာ ဖြစ်ပါတယ်။ ကျွန်တော် တို့ စနစ်တကျ ပြင်ဆင်ပြီးသားပါ။ အဓိက ကျွန်တော် ပြောချင်တာက နိုင်ငံတော်သမ္မတရဲ့ မိန့်ခွန်းကို တိုက်ရိုက်ထုတ်လွှင့် မယ်ဆိုကတည်းက ကျွန်တော်တို့ စိတ်ဝင်စားစွာနဲ့ စောင့်ပြီးတော့ နားထောင်ခဲ့ပါတယ်။ ခြုံပြောလိုက်မယ် ဆိုရင်တော့ များစွာ အပြုသဘောဆောင်တယ်လို့ ရိုးရိုးသားသားပဲ ရှုမြင်ပါတယ်။ အဲဒီထဲမှာ ကျွန်တော်ဆွေးနွေးလိုတာက အားလုံးပါဝင်နိုင်သော နိုင်ငံရေးဖြစ်စဉ်ဆိုတဲ့ စကားလုံးကို ကျွန်တော်အဓိကထားပြီး ဆွေးနွေးပါမယ်။ သမ္မတကြီး ပြောသွားတာရှိပါတယ်။ ကျွန်တော် သေချာလည်း မှတ်ထားပါတယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ နားလည်မှုတွေ မြင့်မားလာပြီဆိုတဲ့ ဟာမျိုးပါ။ အဲတာတွေဟာ ဘယ်အချက်တွေကို အခြေခံလဲဆိုတာ ကျွန်တော်တို့ တွေးပါတယ်။
ပြည်တွင်းမှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတယ်။ သို့သော် နိုင်ငံရေး အကျဉ်းသားတွေ ကျန်ရှိနေတာ ကျန်ရှိနေတယ်။ တစ်ခါ ကျွန်တော်တို့ စည်းရုံးလှုပ်ရှားခွင့်၊ လွတ်လပ်ခွင့်တွေ ပေးတယ်။ သို့သော် ...
Tuesday, February 28, 2012
နှစ်ပေါင်း၂၀ကျော် ကျနော်တို့ ခေါင်းဆောင်တွေ ဘာတွေလုပ်ခဲ့ကြသလဲ?
by Thorn Nay Soe on Wednesday, February 29, 2012 at 3:45am ·
ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်တို့အပါအ၀င် ...
ဒီမိုကရေစီ လိုလားသူများက ခေါင်းဆောင်တင်ထားသူများနှင့် ပတ်သက်လာလျှင် တော်တော်ဆူညံသော ဝေဖန်သံတစ်ခု ကြားရပါသည်။
၁၉၈၈ မှစကာ ဘာတွေလုပ်နေပါသလဲ? နိုင်ငံအတွက် ဘယ်လောက်များ အကျိုးပြုလို့လဲ စသောအမနာပ စကားများပင်။
ပိုဆိုးသည်ကား တစ်ဘက်မှလူများနှင့် ယှဉ်ပြခြင်းပင်။
ဟို ပုဂ္ဂိုလ်ကြီးကတော့ ဘာတွေလုပ်ခဲ့တာ ... ဆိုပြီး လမ်းတွေဘယ်လိုဖောက် တံတားတွေ ဘယ်လိုဆောက် စသဖြင့် ပြောတတ်ကြသည်။
ဒီအခါမှာ ဒီဘက်က ပြန်ပြောလေ့ရှိတာက လုပ်ခွင့်ရော ပေးလို့လား။
စကားပမာ ဒေါ်အောင်ဆန်းစုကြည်တို့ မင်းကိုနိုင်တို့ကို နှစ်ပေါင်းများစွာ လက်ခြေမျှမလှုပ်သာအောင် တုပ်နှောင်ထားခဲ့ပြီးမှ ဘာလုပ်သလဲ မေးနေတာ ကောင်းသလားစသဖြင့် ချေပကြ၏။
သို့သော် တစ်ဘက်ကတော့ No Job ဆိုပြီး ပုတ်ခတ်နေဆဲ။.....
Tuesday, January 31, 2012
စက်ဆန်းမီးဘေး တလပြည့်အထိမ်းအမှတ်လှူဒါန်းပွဲ တွင် ကိုမင်းကိုနိုင် ဝမ်းနည်းစကားပြောကြား
ဇန္နဝါရီလ ၂၉ ရက်နေ့ နံနက်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ကူးတို့ဆိပ် ရပ်ကွက်တွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် မီးလောင်ပေါက်ကွဲမှုကြောင့် ကွယ်လွန်သွားသူများနှင့် ကိုယ်အင်္ဂါချို့ယွင်းသွားသူများ၊မိသားစုများကို ငွေကြေးနှင့် အထောက်အပံ့ ပစ္စည်းများ လှူဒါန်းပွဲကို နိုင်ငံရေး အကျဉ်းသားဟောင်းများက မဟာဝိဇယာရာမကျောင်းတွင် ပြုလုပ်ခဲ့ရာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ၊ NLD လွှတ်တော်ကိုယ်စားလှယ်လောင်း မဖြူဖြူသင်း၊ ရွှေသံစဉ်မှ ဂီတမှူး ကိုဝင်းမော် အပါအဝင် နိုင်ငံရေး အကျဉ်းသားဟောင်းများ တက်ရောက်ခဲ့ကြသည်။ကိုမင်းကိုနိုင်မှ ကျန်ရစ်သူမိသားစုများကို ဝမ်းနည်းစကား ပြောကြားခဲ့သည်။
Tuesday, January 24, 2012
ကိုပေါ်ဦးရဲ့သွေးက ကျွန်တော်တို့ထက်ရဲတယ်။
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရသော ၈၈ ကျောင်းသားများသည် သက်ဆိုင်ရာ အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာပြီးသည့်နောက် မိမိတို့ယုံကြည်ချက်အတိုင်း ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ဆက်လက်ချီတက် လျှောက်လှမ်းကြမည်ဖြစ်သည့်အတွက် အကျဉ်းထောင်အတွင်း ခံစားခဲ့ရသော ကျန်းမာရေးဝေဒနာများကို နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း၌ အသီးသီးလာရောက်၍ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။
၂၄.၁.၂၀၁၂ ရက်နေ့ နေ့လည် (၁း၀၀) နာရီအချိန်တွင် ရေဝေးသုဿန်၌ ကိုသက်နွယ် အသက် (၅၄)နှစ်၏ ရုပ်အလောင်းအား မီးသင်္ဂြိုလ်ခြင်း အခမ်းအနားကို ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့်အဖွဲ့သည် သွားရောက်ခဲ့ပြီးသည့်နောက် မြောက်ဒဂုံမြို့နယ်ရှိ ဝဋ်ကြွေးတော်ပြေ ဆရာတော်ကြီးအားသွားရောက်ဖူးမြော်ခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်၍ လေ့လာခဲ့ကြသည်။ ဥက္ကဋ္ဌ ဦးကျော်သူနှင့်
Friday, January 20, 2012
မင်းကိုနိုင်၏ ဒီမိုကရေစီဖဲကြိုးဖြတ် ခရီးရှည်
သရက်အကျဉ်းထောင်၏ ထောင်ဗူးဝမှ စတင်ခဲ့သည်။
ကိုလိုနီစနစ် အားကောင်းချိန်ဖြစ်သော ၁၈၆၉ ကတည်းက စတင်တည်ဆောက်ခဲ့သည့် သရက်ထောင်ကြီး၏ ထောင်ဗူးဝကို မင်းကိုနိုင်ကျောခိုင်းလျှောက်လာပုံက
ဂုတ်သွေးစုပ်သော အဓမ္မစနစ်ဖြစ်များသည့် ကိုလိုနီစနစ်၊ ဖက်ဆစ်စနစ်တို့ကို ကျောခိုင်းလျှောက်လာသည့်နှယ်။
ကျနော် တွေးကြည့်မိ၏။....
Sunday, January 15, 2012
မင်းကိုနိုင် (သို့) ဒီမိုကရေစီ သူရဲကောင်း။
မင်းကိုနိုင်ကို ဘာကြောင့် ကျနော်တို့တွေ အရမ်းလေးစားကြသလဲ?
မင်းကိုနိုင်ကို ဘာကြောင့် ကျောင်းသားထုရဲ့ အမြဲတမ်းခေါင်းဆောင်အဖြစ် သတ်မှတ်သဘောထားနေကြသလဲ?
မင်းကိုနိုင်ကို ဘာကြောင့် ကျနော်တို့ အရမ်းလွတ်စေချင်ခဲ့ကြသလဲ?
ဒီလိုတွေ မေးလာခဲ့ရင် အရင်က တော်တော်ဖြေရလိမ့်မည် ဖြစ်ပါသည်။
ယခုတော့ အပြတ်အသား ရင်ကော့ခေါင်းမော့ကာ ပြန်ပြောနိုင်ပေပြီ။
လွတ်လွတ်ချင်းမှာ သူဘာလုပ်သလဲ ကြည့်ပါဟုသာ တစ်ခွန်းတည်းပြောပါတော့မည်။
ယနေ့ခေတ်သည် ဒီမိုကရေစီခေတ်ဖြစ်၏။
ဒီမိုကရေစီခေတ်တွင် နိုင်ငံရေးကို ပါးနပ်လိမ္မာစွာ နိုင်ငံရေးနည်းလမ်းကျကျ ပြုလုပ်ရတော့မည်ဖြစ်၏။
မင်းကိုနိုင်သည်ကား နှစ်ပေါင်းများစွာ နံရံလေးဘက်ကြားတွင် နေထိုင်ခဲ့ရပါလျက်
ယနေ့ခေတ်လုပ်ထုံးလုပ်နည်းနှင့် အညီ ရင်ဘောင်တန်းနိုင်ရုံသာမက ရှေ့က ပြေးနေသည်ကို အားကျ အတုယူစဖွယ်မြင်တွေ့လိုက်ရပါသည်။
တကယ်တော့ နှစ်ပေါင်းများစွာ နံရံလေးဘက်ကြားတွင် နေထိုင်ခဲ့ရသူမို့ သူ့ခမျာ ပင်ပန်းနွမ်းလျ ရှာပေမည်။
သို့သော် သူကား လွတ်လွတ်ချင်း အနားယူဖို့မစဉ်းစား။
လမ်းတလျောက် ဘုရားများ ၀င်ဖူး၏။ ဗုဒ္ဓဘာသာ ပီသလိုက်ပါဘိချင်း။
ပြီးတော့ လမ်းတလျာက် ပြည်သူလူထုအား တန်ဘိုးရှိသော စကားများဖြင့် လမ်းညွှန်ခေါင်းဆောင်မှု ပေးခဲ့ချေသေး၏။ 
ကျနော်သာ သူ့နေရာမှာဆိုလျှင် ခုမှ ထောင်ကလွတ်တာ မိသားစုနဲ့တွေ့ဖို့ အချိန်ပေးမိမည်။
အိမ်ကို မြန်မြန်ပြန်ဖို့ အရင်ဆုံးစဉ်းစားမိမည်ထင်၏။
လက်ရှိဖြစ်ပေါ်တိုးတက်နေသော နိုင်ငံရေးအခြေအနေကို လေ့လာဖို့ အချိန် နည်းနည်းလေးတော့ ယူပေဦးမည်။
သို့သော် မင်းကိုနိုင်ကား ထိုသို့မဟုတ်။
သူသည် အချိန်နေရာမရွေးပဲ သူလုပ်ရမည့်လမ်းစဉ်ကို အပြတ်အသားချမှတ်ထားနိုင်သူသာ ဖြစ်ပါသည်။
ထို့ကြောင့် မင်းကိုနိုင်ဆိုသည်မှာ ဘယ်နေရာမှာ ဘယ်လိုပင် ပိတ်လှောင်ထားသည်ဖြစ်စေ
အလင်းကို တွေ့ရှိခံစားနိုင်စွမ်းသူဖြစ်သည်ဟု ကျနော်နားလည်လိုက်မိပါသည်။
ထောင်မှ လွတ်လာလာချင်းမှာပင် ...
တွေဝေ တုန့်ဆိုင်းခြင်းမရှိသော သူ့အပြုံးများ၊
လေးနက်ပြတ်သားသော သူ့စကားသံများ၊
မားမတ် ဖြောင့်ဖြူးသော သူ့ခြေလှမ်းများအားကြည့်ကာ
ကျနော့်ရင်ထဲ စကားတစ်လုံးပေါ်လာလေ၏။
ခေါင်းဆောင်။
သူသည်ကား ကျနော်တို့အတွက် အငြင်းပွားဖွယ်မရှိသော ခေါင်းဆောင်ပင်ဖြစ်ပေတော့သည်။
ယခုခေတ်တွင် အတွင်ကျယ်ဆုံးမှာ မီဒီယာများဖြစ်ပေလိမ့်မည်။
သို့သော် မင်းကိုနိုင်ကား လွတ်လာလာချင်းတွင် မီဒီယာပေါ်မှတစ်ဆင့် ထိတွေ့မှုများပြုဖို့ထက်
တကယ့် ပြည်သူကို ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ခဲ့သူ၊ ခေါင်းဆောင်မှုပေးခဲ့သူဖြစ်ပါသည်။
သူ့အတွက် မိသားစု သံယောဇဉ်သည် အဓိက မဟုတ်။
ကိုယ်ခန္ဓာ နွမ်းလျ ပင်ပန်းမှုသည် အဓိက မဟုတ်။
ထင်ပေါ်ကျော်ကြားမှုသည် အဓိကမဟုတ်။
လမ်းပေါ်က လက်လုပ်လက်စားပြည်သူအများစုသာ အဓိကဖြစ်ပါသည်။
ထို့ကြောင့် မင်းကိုနိုင်ကို ပြည်သူတွေက မေတ္တာရောင်ပြန်ဟပ်ကာ မြတ်နိုးကြခြင်း ဖြစ်ပေလိမ့်မည်။
ဒီကမ္ဘာမြေပြင်ပေါ်ရှိ သက်ရှိလူသားများထဲတွင် `သတ္တိ´ဆိုသောအခြင်းအရာအတွက် ပြယုဂ်မည်သူနည်းဟု
ကျနော့်အား မေးလာငြားအံ့။ မင်းကိုနိုင်အား လက်ညှိုးထိုး ညွှန်ပြမိတော့မည်ဖြစ်ပါသည်။
သူသည်ကား ...
နောက်လာမည့် မျိုးဆက်များအား အတုယူစရာ စိတ်ဓာတ်ပိုင်ရှင်အဖြစ်အမြဲ တည်ရှိသွားတော့မည်သူဖြစ်ပါသည်။
သူလွတ်မလာခင်ညက ကျနော်ရေးခဲ့ပါသည်။
ငါတို့ရဲ့ သက်ရှိ သူရဲကောင်း၊
ငါတို့ရဲ့ သက်ရှိ ဒဏ္ဍာရီ၊
ငါတို့ရဲ့ သက်ရှိ စံပြုပုဂ္ဂိုလ်၊
ငါတို့ရဲ့ သက်ရှိ ကျောင်းသားသမဂ္ဂ ဟု
ထောင်မှ ထွက်လာလာချင်း မင်းကိုနိုင်၏လုပ်ရပ်များက ထိုတင်စားချက်များထက်ပင် ပိုလွန်အောင် ပြုမူပြခဲ့ပါပြီ။
သေချာသည်ကတော့ မင်းကိုနိုင်သည်ကား ကျနော်တို့ မျှော်လင့်ချက်များအား ဘယ်တော့မှ အလဟဿမဖြစ်စေခဲ့သူပင် ဖြစ်ပါလေတော့သည်။
သွန်းနေစိုး Thorn Nay Soe
Saturday, January 14, 2012
ကိုမင်းကိုနိုင်နှင့် တနေ့ တာ
ပြည်သူ့ သား
သရက်မြို့ခံ အဘွားအိုတစ်ဦးဆိုက်ကားဖြင့်
့ကိုမင်းကိုနိုင်ကိုအမှီလိုက်ပြီး မရမကလိုက်လံနှုတ်ဆက်ပုံ။
Friday, January 13, 2012
ကိုမင်းကိုနိုင်၏ အိမ်ပြန်လမ်းတလျှောက် မှတ်တမ်းတင်ဓါတ်ပုံများ
ဓါတ်ပုံများကို Eleven Media Group နှင့် 7Day News Journal တို့မှ အများဆုံးရယူပါသည်။